သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ယေဇကျေလ 23:19 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် အပျိုဖြန်းဘဝက အီဂျစ်ပြည်၌ ပြည့်တန်ဆာပြုခဲ့သည်ကို သတိရလျက် အထပ်ထပ်ဖောက်ပြန်မှားယွင်း၏။ Common Language Bible သူသည်အီဂျစ်ပြည်တွင်သူငယ်မအရွယ် မှစ၍ပြုကျင့်ခဲ့သည့်အတိုင်း ယခုလည်း ပြုကျင့်ကာပိုမိုဆိုးရွားသောပြည့်တန် ဆာဖြစ်လာ၏။- Garrad Bible အိ ဂျစ် ပြည် တွင် ပြည့် တန် ဆာ လုပ် ဖူး သော ငယ် ရွယ် စဉ် ကာ လ ကို လွမ်း ဆွတ် လျက်၊ ကျူး လွန် ပြန် သည့် ပြင်၊ Judson Bible အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။ |
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။
ရှမာရိ၏အပြစ်သည် သင်ပြုသောအပြစ်၏တစ်ဝက်မျှလောက်ပင်မရှိ။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အပြစ်များစွာကို ပြုလေပြီ။ သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်များလွန်းသဖြင့် သင့်အစ်မသည် ဖြောင့်မတ်သည်ဟုပင် ထင်ရလေပြီ။
ငါသည် သူတို့အား ‘သင်တို့ကိုးစားသော စက်ဆုပ်ရွံရှာဖွယ်ရာများကို စွန့်ပစ်လော့။ အီဂျစ်ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု မိန့်ဆိုခဲ့၏။
သူသည် အထပ်ထပ်ဖောက်ပြန်မှားယွင်း၏။ နံရံပေါ်တွင် ထွင်းထုထားသော ယောက်ျားပုံများ၊ အနီရောင်ရေးချယ်ထားသော ခါလဒဲလူမျိုးတို့၏ရုပ်ပုံများ၊
သူသည် ပေါ်ပေါ်ထင်ထင်ဖောက်ပြန်မှားယွင်း၏။ အဝတ်အချည်းစည်းနေ၏။ ထို့ကြောင့် ငါသည် သူ့အစ်မကို စွန့်ထားခဲ့သကဲ့သို့ သူ့ကိုလည်း စွန့်ထားခဲ့ပြီ။
ဤသို့ သင်သည် အီဂျစ်ပြည်တွင် အပျိုစင်သားမြတ်ကို အပွတ်သပ်ခံခဲ့၍ အပျိုဖြန်းဘဝကပြုခဲ့သော ညစ်ညမ်းမှုကိုသာ သင်တမ်းတနေ၏။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
အီဂျစ်ပြည်တွင်ပြုခဲ့သော ပြည့်တန်ဆာအလုပ်ကိုမစွန့်။ အပျိုဖြန်းဘဝကပင် ယောက်ျားတို့သည် သူနှင့်အိပ်၏။ သူ၏အပျိုရည်ကိုဖျက်ဆီးပြီး သူနှင့်ဖောက်ပြန်မှားယွင်းကြ၏။
“ဗေသလမြို့သို့သွားပြီး အပြစ်ပြုကြ။ ဂိလဂါလမြို့သို့သွားပြီး အပြစ်များစွာပြုကြ။ သင်တို့၏ပူဇော်သက္ကာကို နံနက်တိုင်းယူလာကြ။ ဆယ်ဖို့တစ်ဖို့ကို သုံးရက်တစ်ကြိမ် ယူလာကြ။