ယေဇကျေလ 23:8 - မြန်မာ့စံမီသမ္မာကျမ်း8 အီဂျစ်ပြည်တွင်ပြုခဲ့သော ပြည့်တန်ဆာအလုပ်ကိုမစွန့်။ အပျိုဖြန်းဘဝကပင် ယောက်ျားတို့သည် သူနှင့်အိပ်၏။ သူ၏အပျိုရည်ကိုဖျက်ဆီးပြီး သူနှင့်ဖောက်ပြန်မှားယွင်းကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ၎င်း ပြင်၊ ငယ် ရွယ် စဉ် အ ခါ အိပ် စက်၍၊ အ ပျို စင် ရင် သား ကို ချေ နယ် ခဲ့ သော အိ ဂျစ် ပြည် သား တို့ နှင့် ပြည့် တန် ဆာ မှု ကို မ ဖြတ် ဘဲ၊ မေ ထုန် ကြူး ခံ သေး သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့်သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသောမေထုန်ကို ပြုကြသည်နှင့်အညီ၊ အဲဂုတ္တုမေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။