ယေဇကျေလ 16:29 - မြန်မာ့စံမီသမ္မာကျမ်း29 ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible29 သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 ရောင်း ဝယ် ဖောက် ကား သော ခါ လ ဒဲ ပြည် တိုင် အောင်၊ မြောက် မြား စွာ မှား ယွင်း သော် လည်း၊ အ လို မ ပြည့် သေး ချေ။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုမှတစ်ပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြားစေသော်လည်း စိတ်မပြေနိုင်။ အခန်းကိုကြည့်ပါ။ |
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။