သူတို့က သူ့ကို အဝတ်အချည်းစည်းဖြစ်စေကြ၏။ သူ၏သားသမီးတို့ကို ဖမ်းခေါ်သွား၍ သူ့ကိုဓားနှင့်ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်ဒဏ်စီရင်ခံရ၍ သူသည် မိန်းမတကာတို့တွင် နာမည်ပျက်သောမိန်းမဖြစ်လေ၏။
သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။
ထို သူ တို့ သည်၊ သူ့ ရှက် ဖွယ် ရာ ကို လှစ် ပြ၍၊ ဓား ဖြင့် ကွပ် မျက် လျက်၊ သား သ မီး များ ကို သုံ့ ဖမ်း လျက်၊ စီ ရင် ဒဏ် ခတ် ကြ သ ဖြင့်၊ မိန်း မ တို့ ဘောင် တွင် အ မည် ပျက် လေ၏။
သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကို ဓားနှင့် ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။
သူသည် ပေါ်ပေါ်ထင်ထင်ဖောက်ပြန်မှားယွင်း၏။ အဝတ်အချည်းစည်းနေ၏။ ထို့ကြောင့် ငါသည် သူ့အစ်မကို စွန့်ထားခဲ့သကဲ့သို့ သူ့ကိုလည်း စွန့်ထားခဲ့ပြီ။
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
အခြားသောမိန်းမအပေါင်းတို့သည် သင်တို့ပြုသကဲ့သို့ ညစ်ညမ်းသောအမှုကိုမပြုဘဲ သင်ခန်းစာယူနိုင်ရန် ပြည်ထဲရှိ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်ပစ်မည်။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။