ယေဇကျေလ 23:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထို့ကြောင့် သူချစ်သောသူတို့လက်သို့၊ သူတပ်မက်သော အဆီးရီးယားလူတို့လက်သို့ သူ့ကိုငါအပ်လိုက်ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible9 သို့ဖြစ်၍သူမြတ်နိုးလှသည့်အာရှုရိ အမျိုးသားချစ်သူတို့လက်သို့ သူ့အား ငါအပ်လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible9 တပ် မက် သော အာ ရှု ရိ အ မျိုး ခင် မင် ဖူး သူ တို့ လက် တွင်း သို့၊ ငါ အပ် နှင်း သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible9 ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိလူတို့၌ သူ့ကိုငါအပ်၍၊ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။