ယေဇကျေလ 23:10 - Common Language Bible10 သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို သူ တို့ သည်၊ သူ့ ရှက် ဖွယ် ရာ ကို လှစ် ပြ၍၊ ဓား ဖြင့် ကွပ် မျက် လျက်၊ သား သ မီး များ ကို သုံ့ ဖမ်း လျက်၊ စီ ရင် ဒဏ် ခတ် ကြ သ ဖြင့်၊ မိန်း မ တို့ ဘောင် တွင် အ မည် ပျက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကို ဓားနှင့် ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သူတို့က သူ့ကို အဝတ်အချည်းစည်းဖြစ်စေကြ၏။ သူ၏သားသမီးတို့ကို ဖမ်းခေါ်သွား၍ သူ့ကိုဓားနှင့်ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်ဒဏ်စီရင်ခံရ၍ သူသည် မိန်းမတကာတို့တွင် နာမည်ပျက်သောမိန်းမဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊-
အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။