ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ယေဇကျေလ 20:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။ Common Language Bible သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။- Garrad Bible အ ပြည် ပြည်၏ ရ တ နာ ဖြစ် သည့် အ လျောက်၊ ငါ ရွေး ခဲ့ ရာ၊ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့၊ အိ ဂျစ် ပြည် မှ ပို့ တော် မူ မည် ဟု လက် ရုံး မြှောက် လျက် ငါ က၊ Judson Bible သူတို့ကို အဲဂုတ္တုပြည်မှ ငါနုတ်ပြီးလျှင်၊ ပြည်တကာတို့၏ အထွတ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဖို့ငှာ ကြည့်ရှုသော ပြည်သို့ဆောင်သွားခြင်းငှာ ကျိန်ဆိုသောအခါ၊ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
အီဂျစ်ပြည်တွင် အကျွန်ုပ်တို့၏ဘိုးဘေးများ ဖိစီးနှိပ်စက်မှုခံရသည်ကို ကိုယ်တော်သိမြင်တော်မူပါ၏။ ဧဒုံပင်လယ်နားတွင် သူတို့၏အော်ဟစ်သံကို ကိုယ်တော်ကြားတော်မူပါ၏။
ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
နို့နှင့်ပျားရည်စီးသောပြည်သို့ သွားလော့။ သို့သော် သင်နှင့်အတူ ငါမသွား။ အကြောင်းမူကား သင်သည် ခေါင်းမာသောလူမျိုးဖြစ်၏။ လမ်းခရီး၌ သင့်ကို ငါဖျက်ဆီးမိမည်စိုး၏”ဟု မိန့်တော်မူ၏။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သင်တို့၏ဘိုးဘေးတို့အား နို့နှင့်ပျားရည်စီးသောပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သောကတိကိုတည်စေနိုင်ခဲ့ပြီး ယနေ့ ထိုကဲ့သို့ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ငါက “အို ထာဝရဘုရား၊ အာမင်”ဟု လျှောက်လေ၏။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့အား ပေးတော်မူ၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။
သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း အစ္စရေးပြည်သို့ သင်တို့ကို ခေါ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
သင်တို့၏ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သင်တို့သည် ညီအစ်ကိုချင်းတို့နှင့် အမွေကို အညီအမျှခွဲဝေကြရမည်။ ဤမြေသည် သင်တို့အမွေခံရာမြေ ဖြစ်ရမည်။
တောင်ဘုရင်ကို လာတိုက်သောမြောက်ဘုရင်သည် အလိုရှိသည့်အတိုင်းပြုလိမ့်မည်။ သူ့ကို မည်သူမျှခုခံနိုင်မည်မဟုတ်။ သူသည် သာယာဝပြောသောပြည်တွင် စံမြန်းလျက် သုတ်သင်ဖျက်ဆီးခြင်းအာဏာကိုစွဲကိုင်ထားမည်။
သူသည် သာယာဝပြောသောပြည်ကို ဝင်တိုက်သဖြင့် လူအများလဲကျသေဆုံးရလိမ့်မည်။ သို့သော် ဧဒုံပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့ထဲမှ အထင်ကရပုဂ္ဂိုလ်များသည် သူ့လက်မှလွတ်မြောက်လိမ့်မည်။
ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။
ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။
ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်တော်မူလျှင် နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုပို့ဆောင်၍ ငါတို့အား ထိုပြည်ကို ပေးတော်မူလိမ့်မည်။
ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ နို့နှင့်ပျားရည်စီးသောထိုပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ကြရမည်။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဤအရပ်သို့ပို့ဆောင်တော်မူ၏။ အကျွန်ုပ်တို့အား နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးတော်မူ၏။
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။
အကျွန်ုပ်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ သာယာဝပြောသောပြည်၊ သာယာဝပြောသောတောင်ပေါ်ဒေသနှင့် လက်ဘနွန်တောင်ကို မြင်ရမည့်အကြောင်း အကျွန်ုပ်အား ဂျော်ဒန်မြစ်ကိုကူးသွားခွင့်ပြုတော်မူပါ’ဟု အသနားခံ၏။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။