တရားဟော 26:9 - မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဤအရပ်သို့ပို့ဆောင်တော်မူ၏။ အကျွန်ုပ်တို့အား နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 နို့ ရည် ပျား ရည် လွှမ်း စီး သော ဤ ပြည်၊ ဤ ဒေ သ ကို သွင်း ဆောင် လျက် ပေး သ နား တော် မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။