ထာဝရဘုရားက မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ သင့်အားငါမိန့်ဆိုသောအရာအားလုံးကို အီဂျစ်ဘုရင်ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူခဲ့၏။
ယေဇကျေလ 2:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။ Common Language Bible သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ငါမိန့်တော်မူသမျှတို့ကိုသူ တို့အားဆင့်ဆိုရမည်။ သူတို့သည်ပုန်ကန် တတ်ကြောင်းကိုသတိရလော့။'' Garrad Bible နား ထောင် ကြ သည် ဖြစ် စေ၊ ပုန် ကန် လေ့ ရှိ သည့် အ လိုက် နား မ ထောင် ကြ သည် ဖြစ် စေ၊ ငါ၏ ဗျာ ဒိတ် ချက် များ ကို ဆင့် ဆို လော့။ Judson Bible သူတို့သည် အလွန်ပုန်ကန်တတ်သောသဘောရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကို သူတို့အား ဟောပြောရမည်။ |
ထာဝရဘုရားက မောရှေအား “ငါသည် ထာဝရဘုရားဖြစ်၏။ သင့်အားငါမိန့်ဆိုသောအရာအားလုံးကို အီဂျစ်ဘုရင်ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူခဲ့၏။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
‘ဤမြို့တံခါးဖြင့် ဝင်ထွက်သွားလာကြသော ယုဒဘုရင်နှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
ထိုအခါ အကြီးအကဲတို့က ကုရှိ၏မြစ်၊ ရှေလမိ၏မြေး၊ နေသနိ၏သား ယေဟုဒိကို ဗာရုတ်ထံသို့စေလွှတ်၍ “လူတို့ကြားသိစေရန် သင်ဖတ်ပြခဲ့သောစာလိပ်ကို သင်ကိုယ်တိုင်ယူလာလော့”ဟု ဆိုစေသဖြင့် နေရိသားဗာရုတ်လည်း ထိုစာလိပ်ကို ကိုယ်တိုင်ယူ၍ လာခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
ယေရမိကလည်း သူ့အားတုံ့ပြန်ပြောဆိုလာသော ယောက်ျား၊ မိန်းမ၊ လူအပေါင်းတို့အား
သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။
ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိရလိမ့်မည်။
ထို့ကြောင့် အချင်းလူသား၊ သင်သည် အစ္စရေးအမျိုးအနွယ်အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း၍ ငါ့အားစော်ကားပြောဆိုကြပြီ။
တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။
အချင်းလူသား၊ ယခု သင့်အား အစ္စရေးအမျိုးတို့အတွက် ကင်းစောင့်အဖြစ် ငါခန့်ထားပြီ။ ငါ၏နှုတ်ထွက်စကားကို နားထောင်ပြီး သူတို့အား သတိပေးရမည်။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “နားထောင်လော့၊ ယာကုပ်အမျိုးအနွယ်တို့ကို ဆန့်ကျင်၍ သက်သေထွက်ဆိုလော့”ဟု မိန့်တော်မူ၏။
“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။