Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ ငါ​ပြော​သော​စကား​အလုံးစုံ​ကို နားထောင်​၍ နှလုံးသွင်း​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ ချင်း လူ့ သား ငါ့ မိန့် သ မျှ သော အ ချက် များ ကို နား ထောင် ခြင်း၊ နှ လုံး သွင်း ခြင်း ပြု လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:10
13 ပူးပေါင်းရင်းမြစ်များ  

နှုတ်​တော်​ထွက်​တရားတော်​တို့​ကို နာခံ​၍ စကား​တော်​တို့​ကို နှလုံးသွင်း​လော့​။


ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။


ငါ​တို့​ပြည်​၌ ဘုန်းအသရေ​တည်​စေရန် ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​၏​အနီး​၌ အမှန်ပင်​ရှိ​လေ​ပြီ​။


အကြံဉာဏ်​ကို​နားထောင်​၍ ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်ခံ​လော့​။ သို့ပြုလျှင် နောက်ဆုံး​၌ သင်​သည် ဉာဏ်ပညာ​ကို​ရရှိ​လိမ့်မည်​။


ငွေ​အစား ငါ​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​ရယူ​ကြ​လော့​။ ရွှေ​စင်​အစား အသိပညာ​ကို ရယူ​ကြ​လော့​။


သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ငါ့​စကား​ကို သူ​တို့​အား ပြောပြ​ရ​မည်​။


အချင်း​လူသား​၊ ငါ့​စကား​ကို နားထောင်​လော့​။ ပုန်ကန်​တတ်​သော​အမျိုး​ကဲ့သို့ မ​ပုန်ကန်​နှင့်​။ သင့်​နှုတ်​ကို​ဖွင့်​ပြီး ငါ​ပေး​သော​အရာ​ကို စား​လော့​”​ဟု မိန့်ဆို​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင့်​အမျိုးသားချင်း​တို့​ထံသို့​သွား​၍ သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ရ​မည်​”​ဟု ဆို​၏​။


ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။


ကောင်း​သော​မြေ​၌​ကျ​သည်​ဆိုသည်မှာ ကြည်လင်​ကောင်းမြတ်​သော​စိတ်နှလုံး​ဖြင့် တရား​စကား​ကို​ကြား​၍ ၎င်း​ကို​စွဲကိုင်​ထား​ကာ သည်းခံ​သော​အားဖြင့် အသီး​သီး​သော​သူ​တို့​ကို​ဆိုလို​၏။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ