မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
ယေဇကျေလ 16:16 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။ Common Language Bible သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။- Garrad Bible ကိုယ့် အ ဝတ် အ ထည် ဖြင့် ချယ် လယ် ကာ ရံ သော၊ မြင့် ရာ ဌာ န များ အ ပေါ်၌ မ ပြု ထိုက်၊ မ ပြု အပ် သော နည်း အ တိုင်း၊ ပြည့် တန် ဆာ လုပ် သေး၏။ Judson Bible သင်၏အဝတ်ကိုလည်းယူ၍၊ မြင့်သောအရပ်တို့ကို ထူးခြားသော အဆင်းအရောင်နှင့် ဆင်ပြင်၍၊ တစ်ခါမျှမမြင်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။ |
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
အာခတ်မင်းကြီးသည် ဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို စုပုံပြီး ထိုဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို ချိုးဖဲ့ဖျက်ဆီးပစ်ကာ ထာဝရဘုရား၏အိမ်တော်တံခါးများကိုလည်း ပိတ်ထား၏။ ထို့နောက် ဂျေရုဆလင်မြို့လမ်းထောင့်ရှိသမျှတို့၌ မိမိအဖို့ယဇ်ပလ္လင်များကို တည်၏။
သင်သည် မြင့်မားသောတောင်ပေါ်တွင် သင်၏အိပ်ရာကိုခင်း၏။ ထိုတောင်ပေါ်သို့တက်၍လည်း ယဇ်ပူဇော်တတ်၏။
“ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
သင့်ကို ငါပေးသောရွှေငွေများဖြင့် သင်ပြုလုပ်ထားသော သင်၏အဖိုးတန်အဆင်တန်ဆာကိုယူ၍ ယောက်ျားရုပ်တုများကို ပြုလုပ်ပြီးလျှင် ထိုရုပ်တုများနှင့် ဖောက်ပြန်မှားယွင်း၏။
သူတို့၏လှပသောအဆင်တန်ဆာများကြောင့် မာနထောင်လွှားတတ်ကြ၏။ ထိုတန်ဆာများဖြင့် စက်ဆုပ်ရွံရှာဖွယ်ရုပ်တုများကို ထုလုပ်တတ်ကြ၏။ ထို့ကြောင့် ငါသည် ထိုတန်ဆာတို့ကို ညစ်ညူးသောအရာကဲ့သို့ ဖြစ်စေမည်။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။