မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ယေဇကျေလ 13:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ ပရောဖက်ပြုနေသော အစ္စရေးပရောဖက်တို့ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။ ကိုယ့်စိတ်ထင်နှင့် ပရောဖက်ပြုနေသောပရောဖက်တို့အား ‘ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့’ဟု ပြောကြားလော့။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏ပရောဖက်များကိုရှုတ်ချ လော့။ ဗျာဒိတ်စကားများကို မိမိတို့ကိုယ်တိုင် လုပ်ကြံဟောပြောကြသူတို့အား ထာဝရ ဘုရား၏အမိန့်တော်ကိုနားထောင်ကြရန် ပြောကြားလော့'' ဟုမိန့်တော်မူ၏။ Garrad Bible အ ချင်း လူ့ သား၊ စိတ် ထင် တိုင်း ဟော ပြော လေ့ ရှိ သူ၊ ဣ သ ရေ လ အ မျိုး ပ ရော ဖက် တို့ အား၊ ဟော ပြော ဆင့် ဆို ရ မည် မှာ၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ Judson Bible အချင်းလူသား၊ ကိုယ်အလိုအလျောက်ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တစ်ဖက်၌ ဟောပြောလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
‘သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်’ဟု ဆိုသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏။
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။
‘ဘေဘီလုံဘုရင်သည် သင်တို့နှင့်သင်တို့ပြည်ကို လာတိုက်မည်မဟုတ်’ဟု ပရောဖက်ပြုဟောပြောခဲ့သော သင်တို့၏ပရောဖက်တို့ကား အဘယ်မှာနည်း။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သို့ဖြစ်၍ သူတို့၏မယားများကို အခြားသူတို့အား ငါပေးမည်။ သူတို့၏လယ်ယာများကိုလည်း အခြားသူတို့ပိုင်ဆိုင်စေမည်။ အကြောင်းမူကား လူကြီးလူငယ်အားလုံး မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်အားလုံးသည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အချင်းလူသား၊ စိတ်ထင်ရာကို ပရောဖက်ပြုဟောပြောတတ်သော သင့်လူမျိုးသမီးပျိုတို့ကို ဆန့်ကျင်လော့။ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ဘုရားရှင်ထာဝရဘုရားက ‘ဗျာဒိတ်နိမိတ်ကိုမမြင်ရဘဲ ကိုယ့်စိတ်သဘောအတိုင်းဟောပြောတတ်သည့် မိုက်မဲသောပရောဖက်တို့၌ အမင်္ဂလာရှိ၏။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
ပရောဖက်တို့သည် ထုံးဖြူသုတ်သောသူများ ဖြစ်ကြ၏။ စိတ်အာရုံထဲ၌ အချည်းနှီးသောအရာကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်လည်ဟောပြောကြ၏။ ထာဝရဘုရား မိန့်တော်မမူဘဲ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူပြီ’ဟု ဆိုကြ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။
ပရောဖက်တို့သည် တာဝန်မဲ့သောသစ္စာဖောက်များ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ပညတ်တရားကို ချိုးဖောက်၍ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေကြပြီ။