Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 22:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ပရောဖက်​တို့​သည် ထုံးဖြူ​သုတ်​သော​သူ​များ ဖြစ်​ကြ​၏​။ စိတ်အာရုံ​ထဲ၌ အချည်းနှီး​သော​အရာ​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်လည်​ဟောပြော​ကြ​၏​။ ထာဝရဘုရား မိန့်​တော်​မ​မူ​ဘဲ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​’​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ပ​ရော​ဖက်​တို့​သည်​အုတ်​တံ​တိုင်း​ကို​ထုံး​ဖြူ သုတ်​သူ​များ​ကဲ့​သို့ ထို​အ​ပြစ်​များ​ကို​ဖုံး အုပ်​ပေး​ကြ​၏။ သူ​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အ​တု​များ​ကို​မြင်​လျက် မ​ဟုတ်​မ​မှန်​သော ဗျာ​ဒိတ်​ကို​ဆင့်​ဆို​ဟော​ပြော​ကြ​၏။ သူ​တို့ က​မိ​မိ​တို့​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ကြ​သည်​ဟု​ဆို သော်​လည်း ယင်း​ဗျာ​ဒိတ်​တို့​ကို​သူ​တို့​အား ငါ​မ​ပြော​ခဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 မု သာ ဗေ ဒင် ဟော ခြင်း၊ အ ချည်း အ နှီး မြော် မြင် ခြင်း ပြု၍၊ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် မ ပေး ဘဲ၊ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဟု ဆို လျက်၊ သူ တို့ အ ဖို့ ထုံး သုတ် မှု သာ ပြု တတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ပ​ရော​ဖက်​တို့​က​လည်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မ​မူ​ဘဲ၊ အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​လျက်၊ သူ​တို့​ကို အင်္ဂ​တေ​နှင့် မွမ်း​မံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 22:28
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​က “​ငါ​တို့​သည် သေ​ခြင်း​နှင့် ပဋိညာဉ်​ဖွဲ့​ကြ​ပြီ​။ မရဏာနိုင်ငံ​နှင့် သဘောတူညီမှု ပြု​ကြ​ပြီ​။ လွှမ်းမိုး​သော​ဘေးဆိုး​ဖြတ်သွား​သည့်အခါ ငါ​တို့​ထံ​လာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​တို့​သည် လိမ်လည်မှု​ကို ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်စေ​လျက် မုသား​ထဲ၌ ပုန်း​နေ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။


သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။


“​ထို​ပရောဖက်​တို့​ကို ငါ​မ​စေလွှတ်​သော်လည်း သူ​တို့​အပြေးအလွှား​သွား​ကြ​ပြီ​။ ငါ​မ​မိန့်မှာ​သော်လည်း သူ​တို့​သဘော​နှင့်​သူ​တို့ ဟောပြော​ကြ​ပြီ​။


ပရောဖက်​ယေရမိ​က ပရောဖက်​ဟာနနိယ​အား “​ဟာနနိယ ယခု​နားထောင်​လော့​။ ထာဝရဘုရား​သည် သင့်​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။ သင်​သည် ဤ​လူမျိုး​အား မုသား​ကို ယုံစား​စေ​ပြီ​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို ငါ​ချိုး​မည်​။


‘​ဘေဘီလုံ​ဘုရင်​သည် သင်​တို့​နှင့်​သင်​တို့​ပြည်​ကို လာတိုက်​မည်​မ​ဟုတ်​’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သော သင်​တို့​၏​ပရောဖက်​တို့​ကား အဘယ်မှာ​နည်း​။


သင်​၏​ပရောဖက်​တို့​သည် သင့်​အဖို့ မဟုတ်မမှန်​သော​အရာ​၊ အကျိုးမရှိ​သော​အရာ​တို့​ကို နိမိတ်မြင်​ကြ​ပြီ​။ သုံ့ပန်းဘဝ​မ​ရောက်​ရ​လေ​အောင် သူ​တို့​သည် သင်​၏​အပြစ်​ကို​မ​ထောက်ပြ​ဘဲ မဟုတ်မမှန်​သော​အရာ​၊ လှည့်စား​သော​အရာ​တို့​ကို ဗျာဒိတ်​ရ​ကြ​ပြီ​။


“​အချင်း​လူသား​၊ ပရောဖက်ပြု​နေ​သော အစ္စရေး​ပရောဖက်​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ကိုယ့်​စိတ်ထင်​နှင့် ပရောဖက်ပြု​နေ​သော​ပရောဖက်​တို့​အား ‘ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့’​ဟု ပြောကြား​လော့​။


သင်​တို့​သည် မဟုတ်မမှန်​သည်​ကို​မြင်​ပြီး အလိမ်အညာ​ဗေဒင်​များ​ကို ဟောပြော​နေ​စဉ်တွင် အပြီးသတ်​ဒဏ်ခတ်​မည့်​နေ့ရက်​သည် ရောက်လာ​ပြီး ဓား​တော်​သည် သေဒဏ်​ခံရ​မည့် ဆိုးယုတ်​သူ​တို့​၏​လည်ပင်း​ပေါ်တွင် တင်​ထား​လျက်​ရှိ​လေ​ပြီ​။


ထို​မြို့​တွင် ပရောဖက်​တို့​သည် လျှို့ဝှက်ကြံစည်​၍ သားကောင်​ကို​ဟိန်းဟောက်​ကိုက်ဖဲ့​သည့်​ခြင်္သေ့​ကဲ့သို့ လူ​တို့​ကို​ဝါးမျို​၍ သူ​တို့​၏​ဥစ္စာ​ရတနာ​များ​ကို ယူ​ကြ​၏​။ ထို​မြို့​တွင် မိန်းမ​အမြောက်အမြား​ကို မုဆိုးမ​ဘဝ​သို့​ရောက်​စေ​၏​။


ပရောဖက်​တို့​သည် တာဝန်မဲ့​သော​သစ္စာဖောက်​များ ဖြစ်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း ပညတ်တရား​ကို ချိုးဖောက်​၍ သန့်ရှင်းရာဌာန​တော်​ကို ညစ်ညူး​စေ​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ