ယေဇကျေလ 13:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ Common Language Bible အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။'' Garrad Bible ထုံး သုတ် ပြီး နံ ရံ ကို ပယ် ဖျက် လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင် ဖြို လှဲ သ ဖြင့်၊ ပျက် စီး ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။ Judson Bible ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသောအုတ်ရိုးကို မြေတိုင်အောင်ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။ |
သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
ငါသည် တရားမျှတမှုကို မျဉ်းကြိုးဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို မှန်ထုပ်ဖြစ်စေမည်။ မိုးသီးသည် လိမ်လည်မှုတို့ခိုလှုံရာအရပ်ကို ဖယ်ရှားမည်။ ရေသည် ပုန်းခိုရာအရပ်ကိုလွှမ်းမိုးမည်။
ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက ထိုပရောဖက်တို့သည် ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် ‘ဤပြည်၌ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမရှိ’ဟု ပရောဖက်ပြုဟောပြောကြသောကြောင့် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဆုံးစေမည်။
ထို့ကြောင့် ပရောဖက်တို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ရှိပရောဖက်တို့ အစပြုလိုက်သော မကောင်းမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လေပြီ။ ထို့ကြောင့် ငါသည် သူတို့အား ဒေါနကိုစားစေမည်။ အဆိပ်ရေကို သောက်စေမည်”ဟု မိန့်တော်မူ၏။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုသို့ မြို့ရိုးနှင့် မြို့ရိုးကိုထုံးဖြူသုတ်သောသူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားမည်။ ထို့နောက် မြို့ရိုးမရှိ၊ ထုံးဖြူသုတ်သောသူတို့လည်း မရှိ၊
သင်တို့၏ခေါင်းခြုံပဝါကို ငါဆုတ်ဖြဲပစ်မည်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်မည်။ သားကောင်အဖြစ် နောက်တစ်ဖန် သင်တို့လက်သို့ မရောက်ရ။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ထို့ကြောင့် မဟုတ်မမှန်သောနိမိတ်ကိုပင် သင်တို့မြင်ရတော့မည်မဟုတ်။ ဂမ္ဘီရအတတ်ဖြင့် ဟောပြောနိုင်တော့မည်မဟုတ်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်နုတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
သူ့ကိုမျက်နှာလွှဲ၍ အမှတ်သညာပြုစရာ၊ ပုံခိုင်းစရာ ဖြစ်စေမည်။ ငါ့လူမျိုးတော်ထဲမှဖယ်ထုတ်ပစ်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
“ထို့ကြောင့် ငါသည် ရှမာရိမြို့ကို ကွင်းပြင်တွင် အပြိုအပျက်ပုံ ဖြစ်စေမည်။ စပျစ်ခြံစိုက်ပျိုးရာနေရာ ဖြစ်စေမည်။ ထိုမြို့ရှိကျောက်တုံးများကို ချိုင့်ဝှမ်းထဲသို့ သွန်ချမည်။ အုတ်မြစ်များကိုလည်း လှန်ပစ်မည်။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
သို့သော် ကြား၍ မကျင့်သုံးသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲသွားလေ၏။ ထိုအိမ်၏ပျက်စီးမှုသည်လည်း ကြီးမားလှပေ၏”ဟု မိန့်တော်မူ၏။