ယေဇကျေလ 14:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူ့ကိုမျက်နှာလွှဲ၍ အမှတ်သညာပြုစရာ၊ ပုံခိုင်းစရာ ဖြစ်စေမည်။ ငါ့လူမျိုးတော်ထဲမှဖယ်ထုတ်ပစ်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible8 ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible8 ငါ ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် မျက် နှာ ထား လျက်၊ မှတ် သား ရာ၊ ပုံ ခိုင်း ရာ၊ အံ ဖွယ် သ ရဲ ဖြစ် စေ၍၊ လူ မျိုး တော့် ဘောင် မှ ပယ် ရှား လျက်၊ ထို သူ့ ကို တုံ့ ပြန် အံ့၊ ထို့ ကြောင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုသူတစ်ဖက်၌ ငါသည်မျက်နှာထား၍ သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်း ဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။