သင်တို့ကြောင့် ဤမြို့တွင် လူအမြောက်အမြားသေဆုံးရ၍ လမ်းများပေါ်တွင် အသေကောင်တို့ပုံနေလေပြီ’ဟု မိန့်တော်မူ၏။
သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
ဤ မြို့ တွင် သင် တို့ သည်၊ လူ အ မြောက် အ မြား ကို လုပ် ကြံ လျက်၊ လမ်း များ ကို အ သေ ကောင် တို့ နှင့် ပြည့် စေ ကြ ပြီ ဖြစ် သော ကြောင့်၊
သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့် ပြည့်စေကြပြီ။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင်
သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့်
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။
သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။
ပြည်သည် မတရားသတ်ဖြတ်မှုနှင့် ပြည့်လျက်နေလေပြီ။ မြို့သည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်လျက်နေလေပြီ။ ထို့ကြောင့် သံကြိုးကို ပြင်ဆင်လော့။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
သင်တို့သည် လူအသက်သတ်၍ ဇိအုန်မြို့ကို တည်ကြ၏။ မတရားမှုဖြင့် ဂျေရုဆလင်မြို့ကို တည်ကြ၏။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။