အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ယောရှု 4:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။ Common Language Bible ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။ Garrad Bible ထို နေ့၌ ပင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ရှေ့၊ ယော ရှု ကို ချီး မြှင့် တော် မူ သ ဖြင့် မော ရှေ ကို ခန့် ညား သည့် နည်း တူ၊ ယော ရှု ကို လည်း အ သက် တာ ကာ လ ပတ် လုံး ခန့် ညား ကြ ကုန်၏။ Judson Bible ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။ |
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏မျက်မှောက်တွင် မျက်နှာရစေတော်မူ၏။ မောရှေသည်လည်း အီဂျစ်ပြည်တွင် ဖာရောမင်းကြီး၏အမှုထမ်းတို့နှင့် အီဂျစ်လူမျိုးတို့မျက်မှောက်၌ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေ၏။
ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။
ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။ ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
ထာဝရဘုရားက ယောရှုအား “ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို အစ္စရေးလူမျိုးအပေါင်းတို့သိမြင်ကြမည့်အကြောင်း ယနေ့မှစ၍ သင့်ကို သူတို့ရှေ့၌ ချီးမြှောက်မည်။
လူပေါင်းလေးသောင်းခန့် စစ်တိုက်ရန် စစ်လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်၌ ဂျေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။
ရှမွေလသည် ထာဝရဘုရားထံ ဆုတောင်းသောအခါ ထိုနေ့တွင် ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကို ရွာသွန်းစေတော်မူသဖြင့် လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြလေ၏။