ယောရှု 4:14 - Common Language Bible14 ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို နေ့၌ ပင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ရှေ့၊ ယော ရှု ကို ချီး မြှင့် တော် မူ သ ဖြင့် မော ရှေ ကို ခန့် ညား သည့် နည်း တူ၊ ယော ရှု ကို လည်း အ သက် တာ ကာ လ ပတ် လုံး ခန့် ညား ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-