Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 4:13 - Common Language Bible

13 သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လူ ပေါင်း လေး သောင်း ခန့် တို့ သည် လက် နက် စွဲ ကိုင် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် စစ် တိုက် ရန် ယေ ရိ ခေါ လွင် ပြင် သို့ ကူး ချီ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​အ​မျိုး​သား​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် လေး​သောင်း​ခန့်​မျှ​ရှိ၍၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယေ​ရိ​ခေါ​လွင်​ပြင်​သို့ ကူး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 လူ​ပေါင်း​လေးသောင်း​ခန့် စစ်တိုက်​ရန် စစ်​လက်နက်စွဲကိုင်​လျက် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဂျေရိခေါ​လွင်ပြင်​သို့ ကူးသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:13
11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-


သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။


သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-


သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-


ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။-


မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။-


``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-


ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-


ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-


မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ