အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။
ယောရှု 3:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။ Common Language Bible သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။- Garrad Bible သင် တို့ တွင် အ သက် ရှင် တော် မူ သော ဘု ရား တည် ရှိ လျက် ခါ န နိ၊ ဟိ တ္တိ၊ ဟိ ဝိ၊ ဖေ ရ ဇိ၊ ဂိ ရ ဂါ ရှိ၊ အာ မော ရိ၊ ယေ ဗု သိ လူ မျိုး တို့ ကို သင် တို့ ရှေ့ မှ မု ချ နှင် ထုတ် တော် မူ မည့် အ ကြောင်း သိ ကြ စေ ရန် လ က္ခ ဏာ ဟူ မူ ကား Judson Bible အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည်အကြောင်းကို အဘယ်သို့သိရမည်နည်းဟူမူကား၊ |
အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ဆာငတ်၏။ ငါသည် မည်သည့်အချိန်မှလာ၍ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရမည်နည်း။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကောင်းကင်တမန်ကို သင့်ရှေ့မှ ငါစေလွှတ်မည်။ ခါနာန်လူမျိုး၊ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို ငါနှင်ထုတ်မည်။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
မီးထဲမှမိန့်တော်မူသည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ မည်သည့်သတ္တဝါသည် ကြား၍ အသက်ချမ်းသာရာရဖူးသနည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်
အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
ထိုနယ်မြေများမှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ အရာဗလွင်ပြင်၊ တောင်စောင်းတစ်လျှောက်၊ တောကန္တာရနှင့် ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နေထိုင်ရာ နေဂေ့အရပ် စသည်တို့ဖြစ်ကြ၏။)
ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟု မိန့်မှာတော်မူခဲ့သည့်ကတိ တစ်စုံတစ်ခုမျှ မပျက်ကွက်ဘဲ အလုံးစုံပြည့်စုံလေ၏။
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
ယောရှုက အစ္စရေးအမျိုးသားတို့အား “ဤနေရာသို့လာ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့”ဟု ဆို၏။
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။