၁ ရာချုပ် 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အခန်းကိုကြည့်ပါ။Common Language Bible14-16 ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ယေ ဗု သိ၊ အာ မော ရိ၊ ဂိ ရ ဂါ ရှိ။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။