Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 42:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​တည်းဟူသော အသက်ရှင်​တော်မူ​သော​ဘုရား​ကို ဆာငတ်​၏​။ ငါ​သည် မည်သည့်​အချိန်​မှ​လာ​၍ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​မည်နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​ငတ်​လှ၏။ အ​ဘယ်​ကာ​လ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ရောက်၍ မျက်​နှာ​ပြ​ရ​အံ့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 42:2
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​အား မည်သည့်​အရပ်​၌​တွေ့​နိုင်​မည်​ကို ငါ​သိလို​ပါ​၏​။ စံမြန်း​တော်မူ​ရာ​သို့ ငါ​ရောက်​လို​ပါ​၏​။


ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။


ထိုအခါ အကျွန်ုပ်​သည် ဘုရားသခင်​၏​ယဇ်ပလ္လင်​တော်​သို့​လည်းကောင်း​၊ အကျွန်ုပ်​၏​ဝမ်းမြောက်​ရွှင်လန်း​ခြင်း​ဖြစ်​တော်မူ​သော ဘုရား​ထံသို့​လည်းကောင်း သွား​ပါ​မည်​။ အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် စောင်း​တီး​၍ ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။


အကယ်စင်စစ် ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌ တစ်ရက်​နေ​ရ​ခြင်း​သည် အခြား​သော​အရပ်​၌ ရက်​တစ်ထောင်​နေ​ရ​ခြင်း​ထက် ပို၍​ကောင်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​၏​တဲ​တွင်​နေ​ရ​ခြင်း​ထက် အကျွန်ုပ်​ဘုရားသခင်​၏​အိမ်​တော်​၌ တံခါးစောင့်​ဖြစ်​ရ​ခြင်း​ကို အကျွန်ုပ်​ပို၍​နှစ်သက်​ပါ​၏​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၏​တံတိုင်း​တော်​များ​ကို လွမ်းဆွတ်​၍ မူးမေ့​မတတ်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​နှင့် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အသက်ရှင်​သော​ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​၏​။


ကိုယ်တော်​၏​အိမ်​တော်​၌ နေထိုင်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​ပါ​လိမ့်မည်​။(​စေလာ)


သူ​တို့​သည် ခွန်အားတိုးသည်ထက်တိုးလာ​လျက်​၊ သွား​ကြ​လျက် ဇိအုန်​၌​ရှိ​တော်မူ​သော​ဘုရားသခင်​ကို ဖူးမြင်​ရ​ကြ​ပါ​လိမ့်မည်​။


ယောက်ျား​အပေါင်း​တို့​သည် ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တရား​လမ်း​၌ ကိုယ်တော်​ကို အကျွန်ုပ်​တို့​စောင့်မျှော်​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှတ်ရစရာ​ကို ကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ် တောင့်တ​ပါ​၏​။


ထာဝရဘုရား​မူကား စစ်မှန်​သော​ဘုရား​ဖြစ်​၏​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရား​၊ ထာဝရ​ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်ထွက်​တော်မူ​လျှင် မြေကြီး​တုန်ခါ​ပါ​၏​။ လူမျိုး​အပေါင်း​တို့​သည် အမျက်​တော်​ကို မ​ခံနိုင်​ကြ​ပါ​။


“အကယ်စင်စစ် ငါ့​လူမျိုး​တော်​သည် မကောင်းမှု​နှစ်​မျိုး​ကို ပြု​ကြ​ပြီ​။ သက်​စမ်းရေတွင်း​ဖြစ်​သည့် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ​။ ရေကန်​များ​ကို​တူး​ကြ​ပြီ​။ ထို​ရေကန်​တို့​သည် ကွဲအက်​သဖြင့် ရေ​လှောင်​၍​မ​ရ​။


ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။


အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။


ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။


အကြောင်းမူကား သင်​တို့​သည် ငါ​တို့​ကို မည်ကဲ့သို့​လက်ခံ​ကြ​သည်​ကို​လည်းကောင်း၊ အသက်ရှင်​တော်မူ​၍​စစ်မှန်​သော​ဘုရားသခင်​ကို အစေခံ​ရန်​နှင့်


တစ်ဖန် ယောရှု​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ မုချ​နှင်ထုတ်​တော်မူ​မည်​ဖြစ်ကြောင်း​ကို ဤသို့​အားဖြင့် သင်​တို့​သိ​ရ​မည်​။


ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ