အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
ယောရှု 24:18 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။ Common Language Bible အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ကျွန် တော် တို့ ရှေ့ အာ မော ရိ လူ မျိုး နှင့် တိုင်း ရင်း သား အ မျိုး မျိုး တို့ ကို နှင် ထုတ် တော် မူ ပါ ပြီ။ သို့ ဖြစ်၍ ကျွန် တော် တို့ လည်း ကိုယ့် ဘု ရား ဖြစ် သော ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု ကြ ပါ မည် ဟု ဝန် ခံ ကြ သော်၊ Judson Bible ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။ |
အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
အီဂျစ်လူမျိုးတို့ကို ငါအပြင်းအထန်ဒဏ်ခတ်ခဲ့သောအမှုများ၊ သူတို့အား ငါပြခဲ့သော နိမိတ်လက္ခဏာများကို သင်တို့သည် သင်တို့၏သားမြေးများအား ပြောကြား၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရှိစေရန် သူတို့၏စိတ်နှလုံးကို ငါခိုင်မာစေပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။
ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြစ်၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ မည်သူမျှမရပ်တည်နိုင်။
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။