ယောရှု 24:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible19 ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။- အခန်းကိုကြည့်ပါ။Garrad Bible19 ယော ရှု က၊ သင် တို့ သည် သန့် ရှင်း သော ဘု ရား၊ မ ရှု စိတ် သော ဘု ရား ဖြစ် တော် မူ သည့် ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ခြင်း ငှာ မ စွမ်း နိုင် ကြ။ ကိုယ် တော် သည် သင် တို့ လွန် ကျူး မှု၊ ပြစ် မှု များ ကို ဖြေ လွှတ် တော် မူ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible19 ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့ လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော်မမူ။ အခန်းကိုကြည့်ပါ။ |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။