ယခင်က သူတို့၏ခေါင်းဆောင်မှာ ဧလာဇာ၏သား ဖိနဟတ် ဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ပါရှိခဲ့၏။
ယောရှု 22:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ထံသို့ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်တကွ Common Language Bible ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။- Garrad Bible ထို နောက် ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ရော ဟိတ် ဧ လာ ဇာ့ သား ဖိ န ဟတ် နှင့် တ ကွ ဣ သ ရေ လ တစ် နွယ် လျှင် တစ် ယောက် ကျ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် အ ကြီး အ ကဲ တစ် ဆယ့် နှစ် ယောက် ကို ဂိ လဒ် နယ် ရှိ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတစ်ထောင်ကိုအုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။ |
ယခင်က သူတို့၏ခေါင်းဆောင်မှာ ဧလာဇာ၏သား ဖိနဟတ် ဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ပါရှိခဲ့၏။
ဗုက္ကိသည် အဘိရွှ၏သား၊ အဘိရွှသည် ဖိနဟတ်၏သား၊ ဖိနဟတ်သည် ဧလာဇာ၏သား၊ ဧလာဇာသည် ယဇ်ပုရောဟိတ်မင်းအာရုန်၏သား ဖြစ်၏။
အာရုန်၏သား ဧလာဇာသည် ပုတျေလ၏သမီးတစ်ယောက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် ဖိနဟတ်ကို မွေးဖွားပေး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် လေဝိဘိုးဘေးတို့၏အကြီးအမှူးများ ဖြစ်ကြ၏။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ် မြင်သောအခါ လူထုထဲမှထ၍ လှံကိုကိုင်စွဲလျက်
မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
မေးမြန်းရှာဖွေ၍ အသေအချာစစ်ဆေးရမည်။ သင်တို့တွင် ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြောင်း မှန်ကန်သည်ဆိုလျှင်
အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။
အစ္စရေးအမျိုးအနွယ်တို့သည် ဗင်္ယာမိန်တစ်မျိုးနွယ်လုံးထံ လူလွှတ်လျက် “သင်တို့တွင် အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ပျက်ရသနည်း။
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။