ယောရှု 24:33 - မြန်မာ့စံမီသမ္မာကျမ်း33 အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible33 အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible33 အာ ရုန့် သား ဧ လာ ဇာ လည်း ကွယ် လွန် လျှင် ဧ ဖ ရိမ် ခင် တန်း တွင် သား ဖိ န ဟတ် ရ သော ဖိ န ဟတ် ကုန်း၌ စျာ ပ န ပြု ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible33 အာရုန်သား ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း အနိစ္စရောက်လေ၏။ သူ၏သားဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။ |
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။