ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ယောရှု 17:7 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေ၏နယ်နိမိတ်မှာ အာရှာမြို့မှ ရှေခင်မြို့အရှေ့ဘက်ရှိ မိတ်မေသမြို့အထိ ဖြစ်၏။ ထိုနယ်နိမိတ်သည် တောင်ဘက်အင်တာပွာမြို့သို့ ရောက်၏။ Common Language Bible မနာရှေနယ်မြေ၏နယ်နိမိတ်သည်အာရှာ နယ်မြေမှ ရှေခင်မြို့အရှေ့တွင်တည်ရှိသော မိတ်မေသမြို့အထိရောက်သည်။ ထိုနောက် နယ်နိမိတ်သည်တောင်ဘက်သို့ဖြတ်သွား ရာအင်တာပွာမြို့တွင် နေထိုင်သူများလည်း ပါဝင်လေသည်။- Garrad Bible မ နာ ရှေ့ နယ် စပ် သည် အာ ရှာ မြို့ မှ ရှေ ခင် မြို့ ရင် ဆိုင် မိတ် မေ သ မြို့ သို့ ရောက် ပြီး မှ လက်ယာ ဘက် အင် တာ ပွာ မြို့ သို့ ရောက် ၏။ Judson Bible မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ယာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။ |
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ထို့နောက် ယောသပ်၏အစ်ကိုတို့သည် ရှေခင်မြို့အနီးတွင် ဖခင်၏သိုးဆိတ်တို့ကို ထိန်းကျောင်းရန်ထွက်ခွာသွားကြ၏။
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
သူတို့အား ခွဲဝေပေးသောမြို့များမှာ ခိုလှုံရာမြို့များဖြစ်သော ဧဖရိမ်တောင်ပေါ်ရှိ ရှေခင်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ဘုရားသခင်သည် မိမိ၏သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်မှာ “ငါသည် ရွှင်မြူးခြင်းရှိလျက် ရှေခင်မြို့ကိုခွဲဝေ၍ သုကုတ်ချိုင့်ဝှမ်းကိုတိုင်းတာဝေခြမ်းမည်။
အကြောင်းမူကား မနာရှေအမျိုးအနွယ်၏သမီးတို့သည် သားတို့နှင့်အတူ အမွေရရှိသောကြောင့်ဖြစ်၏။ ကျန်ရှိသောမနာရှေအမျိုးသားတို့သည် ဂိလဒ်ပြည်ကိုအမွေရကြ၏။
တာပွာပြည်သည် မနာရှေအမျိုးသားအပိုင်ဖြစ်သော်လည်း မနာရှေနယ်စပ်ရှိ တာပွာမြို့ကိုမူ ဧဖရိမ်အမျိုးသားတို့ ပိုင်၏။
ထို့ကြောင့် သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ်ဒေသရှိ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့၊ ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့တို့ကို ရွေးချယ်၏။
သူတို့အား ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ (ရှေခင်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။
ယေရုဗ္ဗာလ၏သား အဘိမလက်သည် မိခင်ဘက်မှ ညီအစ်ကိုတို့ရှိရာ ရှေခင်မြို့သို့သွားပြီး မိခင်ဘက်မှ ဘိုးဘေးမျိုးနွယ်စုတို့အား