Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 17:7 - Common Language Bible

7 မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 မ နာ ရှေ့ နယ် စပ် သည် အာ ရှာ မြို့ မှ ရှေ ခင် မြို့ ရင် ဆိုင် မိတ် မေ သ မြို့ သို့ ရောက် ပြီး မှ လက်ယာ ဘက် အင် တာ ပွာ မြို့ သို့ ရောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 မ​နာ​ရှေ​ခ​ရိုင်​အ​ပိုင်း​အ​ခြား​သည် အာ​ရှာ​ခ​ရိုင်​မှ ရှေ​ခင်​မြို့​ရှေ့​တွင်​ရှိ​သော မိတ်​မေ​သ​မြို့​သို့​သွား၍ လက်​ယာ​ဘက်၌ အင်​တာ​ပွါ​မြို့​သို့ လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 မနာရှေ​၏​နယ်နိမိတ်​မှာ အာရှာ​မြို့​မှ ရှေခင်​မြို့​အရှေ့ဘက်​ရှိ မိတ်မေသ​မြို့​အထိ ဖြစ်​၏​။ ထို​နယ်နိမိတ်​သည် တောင်ဘက်​အင်တာပွာ​မြို့​သို့ ရောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:7
15 ပူးပေါင်းရင်းမြစ်များ  

ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-


တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊-


သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။


ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-


ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊-


ထို​မြို့​များ​မှာ​ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​ပေါ် တွင်​တည်​ရှိ​လျက် အပြစ်​လွတ်​ငြိမ်း​ခွင့်​အ​တွက် ခို​လှုံ​ရာ​ဖြစ်​သော​ရှေ​ခင်​မြို့၊ ဂေ​ဇာ​မြို့၊ ယော က​မံ​မြို့၊ ဗက်​ဟော​ရုန်​မြို့၊ အာ​ဇ​လုန်​မြို့ နှင့်​ဂါ​သ​ရိမ္မုန်​မြို့​တို့​ဖြစ်​ကြ​၏။-


သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည် အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း​ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​ငါ​၏​လူ​စု​တော်​အား ခွဲ​ဝေ​ပေး​မည်။


မ​နာ​ရှေ​အ​နွယ်​အ​မျိုး​သ​မီး​နှင့် အ​မျိုး​သား များ​ပါ​နယ်​မြေ​များ​ကို​ရ​ရှိ​ကြ​သ​ဖြင့် ကျန် ရှိ​သော​အ​ခြား​မ​နာ​ရှေ​အ​ဆက်​အ​နွယ်​တို့ သည်​ဂိ​လဒ်​နယ်​ကို​ရ​ရှိ​ကြ​လေ​သည်။


အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-


ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-


သူ​တို့​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရှိ သော​ရှေ​ခင်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဂေ​ဇာ​မြို့၊-


ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။


ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ