သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
ယောရှု 13:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ Common Language Bible သူတို့ရရှိသောနယ်မြေသည်(အာနုန်မြစ် ဝှမ်းနဖူးပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်း အလယ်ရှိမြို့အထိကျယ်ပြန့်၍မေဒဘ မြို့နှင့်ဒိဘုန်မြို့အကြားရှိကုန်းပြင်မြင့် တစ်ခုလုံးပါဝင်သည်။- Garrad Bible အာ နုန် ချိုင့် ကမ်း ပေါ် ရှိ အာ ရော် မြို့ နှင့် ချိုင့် လယ် ရှိ မြို့ မှ စ၍ ဒိ ဘုန် မြို့ တိုင် အောင်၊ မေ ဒ ဘ ပျံ့ တစ် လျှောက် လုံး Judson Bible ထာဝရဘုရား၏ကျွန် မောရှေပေးသောမြေဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘလွင်ပြင်တစ်လျှောက်လုံး၊ |
သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
သူတို့သည် မေဒဘအနီး၌စခန်းချနေသော မာခါဘုရင်၏စစ်သည်တော်များနှင့် စစ်ရထားအစီးသုံးသောင်းနှစ်ထောင်တို့ကို ငှားရမ်းပြီး စစ်ချီလာကြ၏။ အမ္မုန်အမျိုးသားတို့ကလည်း မြို့ရွာတို့မှစုရုံး၍ စစ်တိုက်ရန် ချီလာကြ၏။
ယုဒအမျိုးအနွယ်အချို့သည် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒိဘုန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ယေကပ်ဇေလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများတွင် မိမိတို့အပိုင်မြို့ရွာလယ်မြေများအဖြစ် အခြေချနေထိုင်ကြ၏။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။
သို့သော် ငါတို့သည် သူတို့ကိုပစ်ခတ်သဖြင့် ဟေရှဘုန်မြို့မှ ဒိဘုန်မြို့တိုင်အောင် ပျက်စီးလေပြီ။ မေဒဘအရပ်မှ နောဖာအရပ်တိုင်အောင် လူသူကင်းမဲ့လေပြီ”ဟု စပ်ဆိုကြ၏။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့ကို ဂိလဒ်မြို့မှစ၍ အာနုန်ချောင်းအလယ်နယ်နိမိတ်အထိ၊ အမ္မုန်အမျိုးသားတို့နယ်နိမိတ်ဖြစ်သောယဗ္ဗုတ်ချောင်းအထိ၊
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး ပိုင်နက်ဖြစ်သည့် အာနုန်ချောင်းနံဘေးရှိအာရော်မြို့၊ အာနုန်ချောင်း တစ်ဝက်မှ ဂိလဒ်ပြည်တစ်ဝက်၊ အမ္မုန်အမျိုးသားတို့နယ်စပ် ယဗ္ဗုတ်ချောင်းအထိ အောင်နိုင်ခဲ့၏။
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီးပိုင်သောမြို့အားလုံးနှင့်တကွ အမ္မုန်အမျိုးသားတို့၏နယ်နိမိတ်အထိ၊
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း