ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
ယောန 2:7 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်စိတ်ဝိညာဉ် ညှိုးငယ်သောအခါ ထာဝရဘုရားကို အောက်မေ့ပါ၏။ အကျွန်ုပ်ဆုတောင်းသံသည် ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ ရောက်ပါ၏။ Common Language Bible အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။ Garrad Bible အ ကျွန်ုပ် သည် စိတ် ပျက် သော အ ခါ၊ ထာ ဝ ရ ဘု ရား ကို သ တိ ရ၍ အ ကျွန်ုပ်၏ ပ ဌ နာ သည် သန့် ရှင်း သော ဗိ မာန် တော် သို့ ကိုယ် တော့် ထံ ဝင် ရောက် ပါ ၏။ Judson Bible အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။ |
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
အကျွန်ုပ်သည် လွန်ခဲ့သောနေ့ရက်များကို သတိရလျက် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်ရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာများကို အကျွန်ုပ်တွေးတောဆင်ခြင်ပါ၏။
ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။
အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။