ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။
ယောန 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။ Common Language Bible သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။- Garrad Bible ထို အ ခါ၊ ထာ ဝ ရ ဘု ရား သည် ပြင်း ထန် သော လေ ကို ပင် လယ် ပေါ် သို့ တိုက် စေ တော် မူ သ ဖြင့်၊ ပင် လယ်၌ ကြီး စွာ သော မုန် တိုင်း ကျ ၍ သင်္ဘော ပျက် လု မ တတ် ရှိ သော်၊ Judson Bible ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏။ |
ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။
ထာဝရဘုရားသည် အနောက်လေကို အပြင်းအထန်တိုက်ခတ်စေ၍ ထိုလေသည် ကျိုင်းကောင်များကိုဆောင်ယူသွားပြီး ပင်လယ်နီထဲသို့ချလိုက်သဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် ကျိုင်းကောင်တစ်ကောင်မျှမကြွင်းကျန်တော့ပေ။
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။
ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။
ထာဝရဘုရားသည် လေကိုတိုက်ခတ်စေတော်မူ၍ ပင်လယ်မှ ငုံးတို့ကိုသယ်ဆောင်လာစေ၏။ တပ်စခန်း၏ပတ်ပတ်လည် ဟိုဘက်မှတစ်ရက်ခရီး၊ သည်ဘက်မှတစ်ရက်ခရီးအကွာအဝေးခန့်တိုင်အောင် တပ်စခန်း၌ ကျစေသဖြင့် ငုံးတို့သည် မြေပြင်ပေါ်မှနှစ်တောင်ခန့်အထူရှိလေ၏။