ငါ့အဖို့ ရွံရှာဖွယ်သောအစာကဲ့သို့ဖြစ်၍ တို့ထိလိုစိတ်ပင်မရှိ။
လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
ချဉ် သိုး သော စား ဖွယ် ကဲ့ သို့ ဖြစ်၍၊ မြည်း စမ်း ခြင်း ကို မျှ ငါ မ နှစ် မြို့။
လက်နှင့်မျှ မတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
ထို့ကြောင့် သူ့စိတ်သည် အစားအစာကို ရွံရှာ၍ သူ့ဝိညာဉ်သည် စားကောင်းသောက်ဖွယ်ကို ရွံရှာ၏။
အရသာမရှိသောအစာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာ၌ အရသာရှိသလော။
ငါတောင်းဆိုသောအရာကို ရပါစေသော။ ဘုရားသခင်သည် ငါ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပါစေသော။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။
ထိုရက်သတ္တပတ်သုံးပတ်တိုင်တိုင် စားကောင်းသောက်ဖွယ်ကို မစား၊ အသားနှင့် စပျစ်ဝိုင်ကိုလည်း မသုံးဆောင်၊ ဆီကိုလည်း မလိမ်းဘဲ နေ၏။