Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 6:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​တောင်းဆို​သော​အရာ​ကို ရ​ပါစေသော​။ ဘုရားသခင်​သည် ငါ့​မျှော်လင့်ချက်​ကို ဖြည့်ဆည်း​ပေး​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ စောင့် မျှော် ရာ ကို ဘု ရား သ ခင် သ နား တော် မူ၍၊ တောင်း လျှောက် သည့် အ တိုင်း ခံ ယူ ရ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 6:8
10 ပူးပေါင်းရင်းမြစ်များ  

တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။


ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။


သေ​ခြင်း​ကို​တောင့်တ​သော​သူ​တို့​သည် သေ​ခွင့်​ကို မ​ရ​ကြ​။ သူ​တို့​သည် ဝှက်ထား​သော​ဘဏ္ဍာ​ထက် သေ​ခြင်း​ကို သာ၍​ရှာဖွေ​ကြ​၏​။


သင်္ချိုင်း​ကို​သာ​ရှာတွေ့​လျှင် အဘယ်​မျှ​လောက် ဝမ်းမြောက်​ပျော်ရွှင်​ကြ​မည်နည်း​။


ငါ့​အဖို့ ရွံရှာဖွယ်​သော​အစာ​ကဲ့သို့​ဖြစ်​၍ တို့ထိ​လို​စိတ်​ပင်​မ​ရှိ​။


ဘုရားသခင်​သည် ငါ့​ကို အမှုန့်ချေ​ပစ်​ဖို့​ရန် အလို​တော်​ရှိ​ပါစေသော​။ လက်​တော်​ကို​ဆန့်​၍ ငါ့​ကို ကွပ်မျက်​ပါစေသော​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။


ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ