မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။
ယောဘဝတ္တု။ 6:27 - မြန်မာ့စံမီသမ္မာကျမ်း ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။ Common Language Bible အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။ Garrad Bible သင် တို့ သည် ဖ သက် ဆိုး တို့ ကို မဲ ကောက်၍၊ အ ဆွေ ခင် ပွန်း ကို ပင် ရောင်း ကြ လိမ့် တ ကား။ Judson Bible အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဖို့ တွင်းကိုတူးကြ၏။ |
မုဆိုးမတို့ကို လက်ဗလာနှင့်ပြန်လွှတ်ပြီး မိဘမဲ့တို့၏လက်ရုံးများကို ချိုးဖျက်ပစ်၏။
မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
လူတို့သည် ဖတဆိုးကို အမိရင်ခွင်မှ ဆွဲထုတ်၏။ ဆင်းရဲသားထံမှ အပေါင်ပစ္စည်းကို သိမ်းယူ၏။
ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
မြို့တံခါးတွင် ငါ့ကိုကူညီမည့်သူကိုတွေ့သောကြောင့် မိဘမဲ့တို့ကို ငါလက်ရွယ်ခဲ့မိလျှင်
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
ဆင်းရဲသောသူနှင့်မိဘမဲ့သူအတွက် တရားစီရင်ပေးကြလော့။ အဖိနှိပ်ခံရသောသူနှင့်ဆင်းရဲသားအတွက် ဖြောင့်မတ်စွာစီရင်ပေးကြလော့။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားအား နိုင်ထက်စီးနင်းမပြုရ၊ မညှဉ်းဆဲရ။
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
သူတို့သည် ငါ့လူမျိုးတော်တို့ကိုမဲချခွဲဝေယူကြ၏။ ပြည့်တန်ဆာကိုရရန် လုလင်ငယ်ဖြင့် အလဲအလှယ်ပြု၍ စပျစ်ဝိုင်သောက်ရန် လုံမငယ်ကို ရောင်းကြ၏။
သို့သော်လည်း သူသည် သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားခြင်းခံရ၍ ကလေးသူငယ်များသည် လမ်းဆုံလမ်းခွတိုင်း၌ ကိုင်ယူပေါက်သတ်ခြင်းခံရလေပြီ။ သူ၏လူကြီးလူကောင်းများသည် မဲချခွဲဝေခြင်းခံရပြီး မင်းအရာရှိအားလုံးလည်း သံကြိုးဖြင့်ချည်နှောင်ခြင်းခံရကြလေပြီ။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။