ယောလ 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူတို့သည် ငါ့လူမျိုးတော်တို့ကိုမဲချခွဲဝေယူကြ၏။ ပြည့်တန်ဆာကိုရရန် လုလင်ငယ်ဖြင့် အလဲအလှယ်ပြု၍ စပျစ်ဝိုင်သောက်ရန် လုံမငယ်ကို ရောင်းကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန် သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။ အခန်းကိုကြည့်ပါ။Garrad Bible3 ထို သူ တို့ သည်။ ငါ့ လူ မျိုး ကို မဲ ချ ဝေ ဖန် လျက်၊ သူ ငယ် ကို ပြည် တန် စာ နှင့်၎င်း၊ မိန်း မ ငယ် ကို သုံး သောက် ရာ စ ပျစ် ရည် နှင့်၎င်း၊ ရောင်း ချ လဲ လှယ် ကြ လေ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible3 သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။ အခန်းကိုကြည့်ပါ။ |