Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 6:27 - Common Language Bible

27 အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သင် တို့ သည် ဖ သက် ဆိုး တို့ ကို မဲ ကောက်၍၊ အ ဆွေ ခင် ပွန်း ကို ပင် ရောင်း ကြ လိမ့် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ဖတဆိုး​ကို​ပင် သင်​တို့​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ကိုယ့်​မိတ်ဆွေရင်း​ကို​ပင် သင်​တို့​ရောင်းစား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 6:27
20 ပူးပေါင်းရင်းမြစ်များ  

သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။


မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။


အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။


အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။


မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။


ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊


ရန်​သူ​တို့​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​ကြ​၏။ ငါ​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ သူ​တို့​သည်​ငါ​သွား​ရာ​လမ်း​တွင်​တွင်း​ကို တူး​ထား​ကြ​ပါ​၏။ သို့​ရာ​တွင်​ထို​တွင်း​ထဲ​သို့​သူ​တို့​ပင်​လျှင် ကျ​ကြ​၏။


သို့​ရာ​တွင်​သူ​တို့​သည်​မြေ​တွင်း​ကို​နက်​စွာ​တူး​၍ မိ​မိ​တို့​တူး​သည့်​တွင်း​များ​ထဲ​သို့​ပင်​ကျ​ကြ​၏။


ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။


``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-


ကောင်း​ကျိုး​ကို​ဆိုး​ကျိုး​ဖြင့်​ပေး​ချေ​သင့်​ပါ မည်​လော။ သို့​ပါ​လျက်​သူ​တို့​သည်​ကျွန်​တော် မျိုး​လိမ့်​ကျ​စေ​ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​လာ​၍​သူ တို့​အား​အ​မျက်​တော်​နှင့်​ဆက်​ဆံ​တော်​မ​မူ ရန် သူ​တို့​ကိုယ်​စား​အ​ဘယ်​သို့​ပြန်​ကြား လျှောက်​ထား​ခဲ့​သည်​ကို​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ။-


သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-


သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-


သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။


သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။


ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ