သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။
ယောဘဝတ္တု။ 6:10 - မြန်မာ့စံမီသမ္မာကျမ်း သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။ Common Language Bible ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။ Garrad Bible သို့ မှ နှစ် သိမ့် ခွင့် ရ တော့ မည်။ သန့် ရှင်း တော် မူ သော အ ရှင်၏ အ မိန့် တော် ကို မ ငြင်း ဆန် သည် နှင့် အ ညီ၊ ညှာ တာ ခြင်း ကင်း သော ဝေ ဒ နာ ကြောင့် ရွှင် လန်း ရ တော့ မည်။ Judson Bible ထိုသို့ဖြစ်လျှင် ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကို နှမြောတော်မမူပါစေနှင့်။ သန့်ရှင်းတော်မူသောသူ၏ စကားတော်ကို ငါမငြင်းမဆန်ပြီ။ |
သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။
ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
ချိုင့်ဝှမ်းရှိမြေခဲရွှံ့ခဲတို့သည် သူ့အဖို့ ချိုမြိန်လိမ့်မည်။ လူအပေါင်းတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ သူ့ရှေ့၌သွားနှင့်သောသူတို့သည်လည်း မရေမတွက်နိုင်အောင် များပြား၏။
ငါသည် ခြေတော်ရာအတိုင်း ထက်ကြပ်မကွာလိုက်ပါ၏။ လမ်းတော်ကိုမလွှဲမရှောင်ဘဲ လိုက်လျှောက်ပါ၏။
နှုတ်တော်ထွက်ပညတ်တော်တို့ကို ငါမပယ်၊ နှုတ်တော်ထွက်စကားတော်တို့ကို အစားအစာထက် ပို၍နှစ်သက်ပါ၏။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကိုအသက်ရှင်စေသည်ဖြစ်၍ အကျွန်ုပ်ဖိစီးနှိပ်စက်မှုခံရစဉ်တွင် အကျွန်ုပ်အတွက်နှစ်သိမ့်စရာအကြောင်းဖြစ်ပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားမျှတသောစကားကိုပြောဆိုတတ်၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ငါသည် အမျက်ထွက်သည့်အလျောက် မပြု။ ဧဖရိမ်ကို နောက်တစ်ဖန် မဖျက်ဆီး။ အကြောင်းမှာ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ သင်တို့နှင့်အတူရှိသည့်သန့်ရှင်းသောအရှင် ဖြစ်၏။ သင့်ထံ အမျက်ဖြင့်လာမည်မဟုတ်။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
အို အကျွန်ုပ်၏သန့်ရှင်းသောဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ရှေးကာလကပင် တည်ရှိတော်မူသည် မဟုတ်လော။ အကျွန်ုပ်တို့ သေရမည်မဟုတ်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို တရားစီရင်ရန် ချမှတ်တော်မူပြီ။ အို ကျောက်ဆောင်၊ ကိုယ်တော်သည် သူတို့ကို ဆုံးမရန် စီရင်တော်မူပြီ။
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)
ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
ထာဝရဘုရားကဲ့သို့ သန့်ရှင်းသောသူမရှိ။ အကယ်စင်စစ် ကိုယ်တော်မှတစ်ပါး အခြားသူမရှိပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကဲ့သို့သောကျောက်ဆောင် မရှိပြီ။