Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 11:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊ အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ မျက် တော် အ ရှိန် နှင့် အ မျှ မ စီ ရင် ဘဲ၊ ဧ ဖ ရိမ် ကို ဖျက် ဆီး ရန် မ ပြန် ဘဲ နေ မည်။ ငါ ကား လူ မ ဟုတ်။ သင့် ဘောင် တွင် စံ သော၊ သန့် ရှင်း ရာ ဘု ရား သ ခင် ပေ တည်း။ အ မျက် ထား ၍ ကြွ လာ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ပြင်း​စွာ အ​မျက်​ထွက်​သည်​အ​တိုင်း မ​ပြု​လို။ ဧ​ဖ​ရိမ်​ကို အ​ထပ်​ထပ် မ​ဖျက်​ဆီး​လို။ ငါ​သည် လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်၏။ မြို့​ထဲ​မှာ​နေ​သော မြို့​သား​မ​ဟုတ်​သော်​လည်း၊ သင်​တို့​တွင်​နေ၍ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 11:9
30 ပူးပေါင်းရင်းမြစ်များ  

အာမသ​သည် ယွာဘ​လက်​၌ ဓား​ကိုင်​ထား​သည်​ကို သတိ​မ​ထား​မိ​။ ယွာဘ​က အာမသ​၏​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​သဖြင့် အာမသ​သည် အူ​များ​မြေ​ပေါ်သို့ ထွက်ကျ​၍ နောက်​တစ်ချက်​မ​ထိုး​ရ​ဘဲ သေ​လေ​၏​။ ထို့နောက် ယွာဘ​နှင့်​သူ့​ညီ အဘိရှဲ​သည် ဗိခရိ​၏​သား ရှေဘ​ကို ဆက်လိုက်​ကြ​၏​။


ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။


သို့သော် သနားစုံမက်​တတ်​သော​ကိုယ်တော်​သည် သူ​တို့​ကို​မ​ဖျက်ဆီး​ဘဲ သူ​တို့​၏​ဒုစရိုက်​ကို​ဖြေလွှတ်​တော်မူ​၏​။ မိမိ​၏​အမျက်​တော်​ကို​လည်း အကြိမ်ကြိမ်​ချုပ်တည်း​၍ မိမိ​၏​အမျက်ဒေါသ​ကို အကုန်အစင်​နှိုးဆော်​တော်​မ​မူ​ခဲ့​ပေ​။


အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​အပေါ်​ထွက်​တော်မူ​သော အမျက်​ဒေါသ​ကို ဖယ်ရှား​တော်မူ​ပါ​။


အို ဇိအုန်​မြို့သား​တို့​၊ ကြွေးကြော်​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမူကား သင်​တို့​တွင် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ကို မ​မျှော်ကြည့်​၊ ထာဝရဘုရား​ကို မ​ရှာ​ဘဲ အီဂျစ်​ပြည်​၏​မြင်း​များ​၊ များစွာ​သော​စစ်ရထား​၊ အလွန်​အားကြီး​သော​မြင်းစီးသူရဲ​တို့​ကို ကိုးစား​မှီဝဲ​ပြီး အီဂျစ်​ပြည်​သို့​သွား​၍ အကူအညီ​တောင်း​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


“​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။


ထို​တောင်​တို့​ကို သင်​သည် လှေ့​မည်​။ လေ​သည် သယ်ဆောင်​သွား​မည်​။ မုန်တိုင်း​သည် လွင့်စဉ်​စေ​မည်​။ သင်​သည် ထာဝရဘုရား​၌ ရွှင်လန်း​မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​၌ ဝါကြွား​မည်​။


ငါ့​နာမ​ကို​ထောက်​၍ ငါ့​အမျက်​ကို ရွှေ့ဆိုင်း​မည်​။ သင့်​ကို ငါ​မ​ဖျက်ဆီး​မိ​စေရန် ငါ့​ဂုဏ်သရေ​ကို​ထောက်​၍ ငါ့​အမျက်​ကို ငါ​ထိန်းချုပ်​မည်​။


သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။


သူ​တို့​သည် နားထောင်​၍ သူ​တို့​၏​မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လှည့်​ကောင်း​ပြန်လှည့်​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​များ​ကြောင့် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော​အကြံအစည်​မှ စိတ်ပြောင်းလဲ​မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ကယ်တင်​မည်​။ သင့်​ကို ငါ​ကွဲလွင့်​စေ​ရာ​အရပ်ရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဧဖရိမ်​သည် လေ​ကို​စား​၏​။ အရှေ့​လေ​နောက်​သို့ လိုက်​၏​။ သူ​တို့​ပြု​သော​လိမ်လည်မှု​၊ အကြမ်းဖက်မှု​တို့​သည် တစ်နေ့​ထက်​တစ်နေ့ များများ​လာ​၏​။ အဆီးရီးယား​တို့​နှင့် ပဋိညာဉ်​ဖွဲ့​လျက်​နှင့်ပင် အီဂျစ်​ပြည်​သို့ ဆီ​ကို ပို့ပေး​၏​။


“ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။


“အကယ်စင်စစ် ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ပြောင်းလဲ​ခြင်း မ​ရှိ​။ ထို့ကြောင့် ယာကုပ်​သားမြေး​တို့​၊ သင်​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ရ​ကြ​။


လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။


ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​သည်​ပြေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည့်​အကြောင်း​၊ သင့်​ကို သနားစုံမက်​၍ သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို​တိုးပွား​စေ​တော်မူ​မည့်​အကြောင်း သင်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ သင်​၏​လက်​ထဲ၌ မ​ထား​ရ​။


ထိုအခါ အဘိရှဲ​က ဒါဝိဒ်​အား “​ယနေ့ပင် ဘုရားသခင်​သည် သခင်​၏​ရန်သူ​ကို သခင့်​လက်​သို့ အပ်​တော်မူ​ပြီ​။ ထို့ကြောင့် မြေ​သို့​ထုတ်ချင်းပေါက်​သွား​အောင် သူ့​ကို လှံ​နှင့် တစ်ချက်တည်း​ထိုးသတ်​ပါရစေ​။ နှစ်ချက် မ​ထိုး​စေ​ရ​ပါ​”​ဟု လျှောက်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ