ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ယောဘဝတ္တု။ 5:5 - မြန်မာ့စံမီသမ္မာကျမ်း သူရိတ်သိမ်းထားသောသီးနှံများ ဆူးပင်ကြား၌ဝှက်ထားလျှင်ပင် ဆာလောင်မွတ်သိပ်သောသူသည် ယူစားလိမ့်မည်။ သူခိုးဓားပြတို့သည် သူ၏ဥစ္စာပစ္စည်းကို တိုက်ယူသွားလိမ့်မည်။ Common Language Bible သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။ Garrad Bible သူ တို့ ရိတ် သိမ်း ထား သည် ကို၊ ဆူး စည်း ထဲ မှ မွတ် သိပ် သူ ခိုး စား၍၊ သူ တို့ ဥ စ္စာ ဘ ဏ္ဍာ ကို လည်း ညွှတ် ကွင်း ထောင် ထား လျက် ရှိ၏။ Judson Bible သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံအထဲက ယူသွား၍ စားတတ်၏။ သူ၏ပစ္စည်းဥစ္စာကိုလည်း ရေငတ်သောသူသည် မျိုတတ်၏။ |
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ရှေဘပြည်သားတို့သည် နွားနှင့်မြည်းတို့ကို တိုက်ခိုက်သိမ်းယူသွားပါပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ကြပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာ၍ အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။
သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။
ထို့ကြောင့် ကျော့ကွင်းများသည် သင့်ကိုဝိုင်းရံထားပြီး ရုတ်တရက်ကျရောက်သောကြောက်မက်ဖွယ်ဘေးသည်လည်း သင့်ကို ထိတ်လန့်စေပြီ။
ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်လေပြီ။
ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။
သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။
ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။