ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
ယောဘဝတ္တု။ 5:15 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။ Common Language Bible ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။ Garrad Bible ဆင်း ရဲ သား တို့ ကို မူ ကား၊ ထို သူ တို့၏ ဓား ဘေး တည်း ဟူ သော နှုတ် မှလည်း ကောင်း၊ ခွန် အား ကြီး သူ၏ လက် မှလည်း ကောင်း၊ ကယ် လွှတ် တော် မူ၏။ Judson Bible ထိုသူတို့စီရင်သော ဓားဘေးမှလည်းကောင်း၊ အားကြီးသောသူတို့၏ လက်မှလည်းကောင်း၊ ဆင်းရဲသားတို့ကို ကယ်နုတ်တော်မူ၏။ |
ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။
လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
ခြင်္သေ့၏မာန်ဖီသံ၊ ခြင်္သေ့ကြီး၏ဟိန်းဟောက်သံ ဆိတ်သုဉ်းရ၏။ ခြင်္သေ့ပျိုတို့၏အစွယ်များ ကျိုးသွားရ၏။
သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။
ကျာပွတ်ကဲ့သို့သောလျှာဘေးမှ သင့်ကို ကွယ်ကာလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်လာလျှင်လည်း သင်ကြောက်ရွံ့ရမည်မဟုတ်။
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ထာဝရဘုရားသည် အဖိနှိပ်ခံရသောသူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေး၍ နွမ်းပါးသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေးတော်မူကြောင်း ငါသိ၏။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
သူသည် လူမျိုးတော်ထဲမှ အဖိနှိပ်ခံရသောသူတို့အတွက် တရားစီရင်ပေး၍ နွမ်းပါးသောသူ၏သားသမီးများကို ကယ်တင်လျက် နှိပ်စက်သောသူတို့ကို နှိမ်နင်းပါစေသော။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား
နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။