ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ယောဘဝတ္တု။ 38:28 - မြန်မာ့စံမီသမ္မာကျမ်း မိုးရေ၌ဖခင်ရှိသလော။ နှင်းစက်တို့ကို မည်သူဖြစ်ပွားစေသနည်း။ Common Language Bible မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။ Garrad Bible မိုး ရေ၌ အ ဖ ရှိ သ လော။ နှင်း ပေါက် များ ကို မည် သူ ဖြစ် ပွား စေ ခဲ့ သ နည်း။ Judson Bible မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူ ဖြစ်ပွားစေသနည်း။ |
ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
သူ၏ဖခင်ဣဇက်ကလည်း “ကြည့်ရှုလော့။ သင်နေထိုင်ရာအရပ်သည် မြေကြီးအဆီအနှစ်နှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်နှင်းနှင့်လည်းကောင်း ဝေးကွာလိမ့်မည်။
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ငါ့အမြစ်သည် ရေရှိရာအထိ ဖြာထွက်ပြီး ငါ့အခက်အလက်တို့သည်လည်း နှင်းစက်များဖြင့် တစ်ညလုံးစိုနေလိမ့်မည်။
အကြောင်းမှာ ကိုယ်တော်သည် ရေစက်ရေပေါက်တို့ကို အငွေ့ပြန်စေ၍ မိုးရေအဖြစ် ငွေ့ရည်ဖွဲ့စေ၏။
ထို့နောက် မိုးတိမ်များမှ မိုးရွာသွန်းစေ၏။ လူတို့အဖို့ မိုးများစွာရွာသွန်းစေ၏။
ရေသည် ပင်လယ်ဝမ်းထဲမှပေါက်ထွက်လာ၍ ပြည့်လျှံသောအခါ ပင်လယ်တံခါးကို မည်သူပိတ်လိုက်သနည်း။
ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
မိုးဦး၊ မိုးနှောင်းကို အချိန်မှန် ရွာစေတော်မူပြီး ငါတို့အဖို့ သီးနှံရိတ်သိမ်းရမည့်သီတင်းပတ်များကို သတ်မှတ်ပေး၍ တည်မြဲစေတော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ကြကုန်စို့ဟု စိတ်ထဲ၌ပင် သူတို့မတွေးကြပေ။
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။