သို့သော် လူများ၍ မိုးရာသီလည်းဖြစ်သောကြောင့် ကွင်းပြင်တွင် ရပ်နိုင်မည်မဟုတ်ပါ။ ဤအပြစ်ကိုကျူးလွန်သူ များသောကြောင့် ဤအမှုသည် တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်ပါ။
ယောဘဝတ္တု။ 37:6 - မြန်မာ့စံမီသမ္မာကျမ်း နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။ Common Language Bible မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။ Garrad Bible မိုး ပွင့် အားလည်း ကောင်း၊ မိုး သေး နှင့် သည်း ထံ သော မိုး အားလည်း ကောင်း၊ မြေ ပေါ် သို့ ကျ လော့ ဟု မိန့် မှာ တော် မူ၏။ Judson Bible မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။ |
သို့သော် လူများ၍ မိုးရာသီလည်းဖြစ်သောကြောင့် ကွင်းပြင်တွင် ရပ်နိုင်မည်မဟုတ်ပါ။ ဤအပြစ်ကိုကျူးလွန်သူ များသောကြောင့် ဤအမှုသည် တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်ပါ။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။
အကြောင်းမှာ ကိုယ်တော်သည် ရေစက်ရေပေါက်တို့ကို အငွေ့ပြန်စေ၍ မိုးရေအဖြစ် ငွေ့ရည်ဖွဲ့စေ၏။
နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
မြေမျက်နှာပြင်ပေါ်တွင် မိုးရွာစေသောအရှင်၊ လယ်ကွင်းများသို့ ရေကိုရောက်စေသောအရှင် ဖြစ်တော်မူ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ဆင်းရဲသောသူတို့ကိုနှိပ်စက်သော ဆင်းရဲသားသည် မည်သည့်အစားအစာမျှမကျန်အောင် တိုက်ချသွားသောမိုးရေနှင့်တူ၏။
ထုံးဖြူသုတ်သောသူတို့အား ထိုမြို့ရိုးပြိုလဲသွားမည်ဟု ပြောကြားလော့။ မိုးရွာမည်။ ရေလွှမ်းမိုးမည်။ ငါသည် မိုးသီးလုံးကြီးကို ကျစေမည်၊ လေပြင်းမုန်တိုင်းတိုက်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။