ယောဘဝတ္တု။ 37:6 - Common Language Bible6 မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 မိုး ပွင့် အားလည်း ကောင်း၊ မိုး သေး နှင့် သည်း ထံ သော မိုး အားလည်း ကောင်း၊ မြေ ပေါ် သို့ ကျ လော့ ဟု မိန့် မှာ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible6 မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။