အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
ယောဘဝတ္တု။ 36:22 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဘုရားသခင်သည် တန်ခိုးတော်ကြောင့် ချီးမြှောက်ခြင်းခံရ၏။ ထိုသို့ ကိုယ်တော်နှင့်တူသောဆရာ မည်သူရှိသနည်း။ Common Language Bible ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။ Garrad Bible ကြည့် ပါ လော့။ ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် မြင့် မြတ် စွာ စီ ရင် တော် မူ၏။ ကိုယ် တော် နှင့် တူ သော ဆ ရာ ကား၊ မည် သူ နည်း။ Judson Bible ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ်ချုပ်နိုင်သနည်း။ |
အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။
ဤသို့ သင်ပြောသောစကားတို့သည် မမှန်ကန်ဟု အကျွန်ုပ်ဆိုမည်။ အကြောင်းမူကား ဘုရားသခင်သည် လူထက် ပို၍ကြီးမြတ်တော်မူ၏။
မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
ကိုယ်တော်၏သမ္မာတရားထဲ၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြ၍ အကျွန်ုပ်ကို သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားသခင်ဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးစောင့်မျှော်ပါ၏။
တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။
လူမျိုးတကာတို့ကို ပဲ့ပြင်သောအရှင်၊ လူကို အသိပညာသင်ကြားပေးသောအရှင်သည် မဆုံးမဘဲနေတော်မူမည်လော။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊ ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
လူတို့ကို ဒေါသဖြင့် တစ်ချိန်လုံးရိုက်နှက်၍ တိုင်းနိုင်ငံတို့ကို မငဲ့မညှာနှိပ်စက်လျက် အမျက်နှင့်အုပ်စိုးသောကြောင့် ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့၏တုတ်၊ အုပ်စိုးသူမင်းတို့၏ရာဇလှံတံကို ချိုးတော်မူ၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးအထိ ထာဝရဘုရားအတွက် မြို့တော်ကို ပြန်လည်တည်ဆောက်ရမည့်အချိန် ရောက်လာလိမ့်မည်။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။