Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 33:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဤသို့ သင်​ပြော​သော​စကား​တို့​သည် မ​မှန်ကန်​ဟု အကျွန်ုပ်​ဆို​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​ထက် ပို၍​ကြီးမြတ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သို့ ဆို ရာ၌ သင် မ ဖြောင့် မ မှန်။ ဘု ရား သ ခင် သည် လူ ထက် ကြီး မြတ် တော် မူ ကြောင်း ကို၊ အ ကျွန်ုပ် တုံ့ ပြန် ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သို့​ဆို​သော် မှား​ပြီ။ ငါ​ပြန်​ပြော​သော​စ​ကား​ဟူ​မူ​ကား၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​ထက်​ကြီး​မြတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 33:12
20 ပူးပေါင်းရင်းမြစ်များ  

ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။


ပြီးပြည့်စုံ​သော​ဉာဏ်ပညာ​သည် အသွား​နှစ်​ဖက်​ပါ​သည်​ဖြစ်၍ ဉာဏ်ပညာ​၏​လျှို့ဝှက်ချက်​ကို သင့်​အား ဖော်ပြ​တော်မူ​ပါစေ​။ ဘုရားသခင်​သည် သင့်​အပြစ်​များ​ကို မေ့လျော့​တော်မူ​ကြောင်း သိမှတ်​လော့​။


သင်​သည် ဘုရားသခင်​၏​လျှို့ဝှက်နက်နဲ​သော​အရာ​ကို ရှာတွေ့​နိုင်​မည်လော​။ အနန္တတန်ခိုးရှင်​၏​ပကတိ​အဖြစ်​တော်​ကို တွေ့ရှိ​နိုင်​မည်လော​။


တိုင်းတာ​ကြည့်​လျှင် မြေကြီး​ထက် ရှည်လျား​၍ ပင်လယ်​ထက် ကျယ်ဝန်း​၏​။


ဤ​အရာ​တို့​သည် ဘုရား​ပြု​တော်မူ​သော​အမှု​တို့​တွင် အရိပ်အမြွက်​မျှသာ ဖြစ်​၏​။ အသံ​တော်​ကို သဲ့သဲ့လေး​သာ ကြား​နေ​ရ​ခြင်း​ဖြစ်​၏​။ တန်ခိုး​တော်​ထစ်ချုန်းသံ​ကို မည်သူ​နားလည်​နိုင်​မည်နည်း​”​ဟု ဆို​လေ​၏​။


အကျွန်ုပ်​လည်း ပြော​သင့်​သည်​ကို ပြော​၍ အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ဖော်ပြ​မည်​။


အကယ်စင်စစ် လူ​သည် ဘုရားသခင်​ရှေ့​တော်​သို့​လာ​၍ စီရင်​ခြင်း​ကို​ခံ​မည်​။ ထို့အတွက် ကိုယ်တော်​သည် ပြန်၍​သုံးသပ်​မည်​မ​ဟုတ်​။


“​သင်​က ‘​ဘုရားသခင်​ထက် ငါ​ဖြောင့်မတ်​သည်​’​ဟု ဆို​သည်​မှာ မှန်ကန်​သည်​ဟု သင်​ထင်​သလော​။


သင်​နှင့် သင့်​မိတ်ဆွေ​တို့​၏​စကား​များ​ကို အကျွန်ုပ်​ချေပ​လို​ပါ​၏​။


ဘုရားသခင်​သည် တန်ခိုးကြီး​တော်မူ​သော်လည်း မည်သူ့​ကို​မျှ မထီမဲ့မြင်ပြု​တော်​မ​မူ​။ စိတ်ဓာတ်​ခွန်အား​လည်း ကြီးမား​တော်မူ​၏​။


“​အပြစ်တင်​ပြောဆို​တတ်​သော​သူ​၊ သင်​သည် အနန္တတန်ခိုးရှင်​ကို ဖက်ပြိုင်​မည်လော​။ ဘုရားသခင်​နှင့် ငြင်းခုံ​လို​သော​သူ​၊ သင်​ပြန်ပြော​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်


ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။


အမှန်စင်စစ် အပြစ်​မ​ပြု​ဘဲ ကောင်း​သော​အမှု​ကို​သာ​ပြု​သည့်​ဖြောင့်မတ်​သော​သူ​ဟူ၍ ကမ္ဘာမြေကြီး​ပေါ်၌​မ​ရှိ​။


ထာဝရဘုရား​က “​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ အိုးထိန်းသည် ပြု​သကဲ့သို့ သင်​တို့​ကို ငါ​ပြု​နိုင်​သည်​မ​ဟုတ်​လော​။ ကြည့်ရှု​လော့​။ ရွှံ့စေး​သည် အိုးထိန်းသည်​လက်​၌​ရှိ​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​လက်​၌​ရှိ​၏​။


သင်​တို့​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ နားထောင်​လော့​။ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ