ဆာလံ 75:7 - မြန်မာ့စံမီသမ္မာကျမ်း7 တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 စီ ရင် ဆုံး ဖြတ် ဆဲ ဖြစ် သည့် အ လျောက်၊ တစ် ဦး ကို နှိမ့် ချ၍၊ တစ် ဦး ကို ချီး မြှောက် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။