ယောဘဝတ္တု။ 35:11 - မြန်မာ့စံမီသမ္မာကျမ်း11 မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible11 မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။ အခန်းကိုကြည့်ပါ။Judson Bible11 မြေတိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သော ဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်မရ၊ ထူးဆန်းသောပညာနှင့်လည်းကောင်း၊ ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။