ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ယောဘဝတ္တု။ 32:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။ Common Language Bible သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။ Garrad Bible လူ၌ ဝိ ညာဉ် တော် ရှိ၏။ အ န န္တ တန် ခိုး ရှင်၏ ဇီ ဝ အ သက် လည်း၊ နား လည် စေ သ တည်း။ Judson Bible သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဉာဏ်ရှိ၏။ |
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။
အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။
ငါ့အထဲ၌ ဇီဝအသက်ရှိနေသေးသရွေ့၊ ငါ့နှာခေါင်းထဲတွင် ဘုရားသခင်ပေးသောလေရှူနေရသေးသရွေ့
ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်ကို ဖန်ဆင်းတော်မူ၏။ အနန္တတန်ခိုးရှင်၏ဇီဝအသက်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
ပညာရှိသောစိတ်ကို မည်သူသွင်းပေးနိုင်သနည်း။ နားလည်နိုင်သောနှလုံးသားကို မည်သူပေးသနည်း။
အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။
လူ၏ဝိညာဉ်သည် အတွင်းအကျဆုံးနေရာရှိသမျှတို့ကို ရှာဖွေတတ်သော ထာဝရဘုရား၏မီးခွက်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊
ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။