ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊
ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊
ငါ၌ စည်း စိမ် တိုး ပွား၍၊ များ စွာ သော ဥ စ္စာ ဓ န ကို လက် ဝယ် ရ သ ဖြင့်၊ ဝမ်း မြောက် ရွှင် လန်း ခဲ့ လျှင်လည်း ကောင်း၊
ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်လည်းကောင်း၊
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ရွှေကို မြေမှုန့်ထဲ၌၊ ဩဖိရရွှေကို မြစ်ထဲမှကျောက်ကြား၌ ပစ်ထားမည်ဆိုလျှင်
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ဧဖရိမ်က ‘ငါကိုယ်တိုင် ဥစ္စာဓနကို ရှာတွေ့၍ ချမ်းသာကြွယ်ဝပြီ။ ထိုဥစ္စာဓနတို့ကို ဒုစရိုက်ပြုခြင်းဖြင့် ရရှိသည်ဟု မည်သူမျှ ငါ့ကိုအပြစ်ဆိုစရာအကြောင်းမရှိ’ဟု ဆို၏။
ထို့ကြောင့် သူတို့သည် မိမိတို့ကွန်များထံ ယဇ်ပူဇော်၍ မိမိတို့ပိုက်များထံ နံ့သာပေါင်းကို ပူဇော်ကြ၏။ အကြောင်းမှာ ထိုအရာများအားဖြင့် သူတို့၏ဥစ္စာပြည့်စုံကြွယ်ဝကြပြီး စားစရာလည်း ပေါများ၏။
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်၌ ဤနိမိတ်လက္ခဏာများဖြစ်လာသောအခါ သင်ပြုသင့်သည့်အရာများကို ပြုလော့။