ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
ယောဘဝတ္တု။ 3:24 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။ Common Language Bible အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။ Garrad Bible ငါ့ အ စား အ သောက် ကား၊ ညဉ်း တွား ရ ခြင်း ဖြစ်၏။ ငါ၏ ဟစ် အော် သံ လည်း၊ စီး သော ရေ ကဲ့ သို့ တည်း။ Judson Bible အစာစားခြင်းအရာ၌ ငါညည်းတွားခြင်း ရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ဖြစ်၏။ |
ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
ထို့ကြောင့် သူ့စိတ်သည် အစားအစာကို ရွံရှာ၍ သူ့ဝိညာဉ်သည် စားကောင်းသောက်ဖွယ်ကို ရွံရှာ၏။
မည်သည့်အချိန်အထိ အကျွန်ုပ်ထံမှ မျက်နှာတော်မလွှဲဘဲနေတော်မူမည်နည်း။ တံတွေးမျိုချချိန်မှာပင် အလွတ်မပေးဘဲနေပါသည်တကား။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
အကျွန်ုပ်သည် တိတ်ဆိတ်စွာနေသောအခါ တစ်နေ့လုံးညည်းတွားရ၍ အကျွန်ုပ်၏အရိုးတို့သည် ဆွေးမြည့်ကြပါ၏။
အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။ အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။
ကိုယ်တော်သည် သူတို့အား မျက်ရည်မုန့်ကိုကျွေးတော်မူ၏။ များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။
ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။